မှော်ဆန်မှု အစစ်ကို ဖန်တီးဖို့ လျှို့ဝှက်ချက်
ကြားရသူတိုင်းကို လိုက်ပါပျော်ရွှင်စေမယ့် ဟောပြောချက်တစ်ခုမှာ Milk Bar တည်ထောင်သူ ခရစ်စတီနား တိုဇီက သူ့ရဲ့ ပထမဆုံး စားစရာကို အမှတ်ရမှုက ပေးတဲ့ ချိုမြိန်တက်ကြွတဲ့ ခံစားချက်နဲ့အတူ သူ့ရဲ့ မုန့်ဆိုင်က နာမည်ကြီး ဆန်းသစ်လှတဲ့ ကိတ်မုန့်တွေ၊ ကွတ်ကီးတွေနဲ့ မုန့်မျိုးစုံရဲ့ နောက်ကွယ်က ဇာတ်လမ်းတွေကို မျှဝေထားတာပါ။ ဒီဟောပြောချက်က သင့်ကို ဗိုက်ဆာစေမှာ ဖြစ်သလို၊ စည်းမျဉ်းတွေကို ဖောက်ထွက်ပြီး ကိုယ့်ရဲ့ ယူဆချက်တွေကို စိန်ခေါ်တာက ချိုမြိန်တဲ့ ဘဝတစ်ခုကို ဘယ်လို ဖန်တီးပေးနိုင်လဲဆိုတဲ့ ရင်ထဲအထိ ပဲ့တင်ထပ်စေမယ့် သတင်းစကားတစ်ခုကိုလည်း ချန်ထားရစ်မှာပါ။

