Charity Wayua ဟာ သူမရဲ့ ကင်ဆာရောဂါ သုတေသီ ကျွမ်းကျင်မှုများကို ရောဂါသည်နဲ့ လုံးဝမတူချင်တဲ့ သူမရဲ့ ဇာတိနိုင်ငံ ကင်ညာ အစိုးရကို ကုသရန် သုံးနေပါတယ်။ စီးပွားရေး တိုးတက်ရေးနဲ့ ကြီးထွားရေးအတွက် သိပ်ကို အရေးကြီးတဲ့ လုပ်ငန်းသစ်များ ဖွင့်လှစ်ရေး လုပ်ငန်းစဉ်ကို အကြီးအကျယ် ပြောင်းလဲပစ်ရန် သူမဟာ သူမရဲ့ အစိုးရကို ကူပေးခဲ့ရာ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ ဝင်လာကြပြီး ကမ္ဘာ့ဘဏ်ကနေပြီး ထိပ်သီး ပြုပြင်ပြောင်းလဲနိုင်တဲ့ နိုင်ငံဆိုပြီး အသိအမှတ်ပြုခံခဲ့ရပါတယ်။
