Phillis Wheatley က ကမ္ဘာကြီးရဲ့အာရုံကို ဖမ်းစားခဲ့ပုံ။ Charita Gainey
233,557 plays|
Charita Gainey |
TED-Ed
• August 2022
၁၇၇၅ မှာ ဗိုလ်ချုပ်ကြီး ဂျော့ခ်ျ ဝါရှင်တန်ဟာ ကိုလိုနီခေတ် အမေရိကန်ရဲ့အကျော်ကြားဆုံး စာရေးဆရာတွေထဲက တစ်ယောက်ဆီကနေ ကဗျာတစ်ပုဒ်ကို လက်ခံရရှိခဲ့တယ်။ ဗိုလ်ချုပ်ကြီးရဲ့ အရေးကို ကူညီဖို့ သူတို့ နိုင်ငံသစ်ရဲ့ နတ်သမီးကို တိုင်တည်ရင်း ကြီးထွားလာတဲ့ တော်လှန်ရေးကို ချီးမွမ်းခဲ့တယ်။ ဒါပေမဲ့ လွတ်လပ်မှုကို ရည်စူးတဲ့ ဒီကဗျာဟာ မင်းမျိုးမင်းနွယ်တွေကို အထင်ကြီးလေးစားသူတစ်ယောက်ယောက်က ရေးသားခဲ့တာမဟုတ်ဘူး။ ဒီကဗျာကို ရေးသူက ကျွန်ပြုခံထားရတဲ့ လူမည်း အမျိုးသမီးငယ်တစ်ဦးပါ။ Charita Gainey ကနေပြီး ကဗျာဆရာမ Phillis Wheatley ရဲ့ လက်ရာတွေကို အသေးစိတ်ဖော်ပြထားပါတယ်။
သင်ခန်းစာကို Charita Gainey က ပြုစုပြီး Gavin Edwards, Movult ကနေ ရီုက်ကူးထားတာပါ။

