ကလေးများကို သိပ္ပံဘာသာကို နှစ်သက်အောင် သင်ပေးခဲ့ပုံ။
Hong Kong က Harbour School မှာ Caesar Harada ဟာ ပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းရေးဆိုင်ရာ နောက်မျိုးဆက် ပညာရှင်တွေကို နိုင်ငံသား သိပ္ပံဘာသာနဲ့ တီထွင်ခြင်းကို သင်ကြားပေးပါတယ်။ သူက သူ့စာသင်ခန်းကို စက်မှုပိုင်းဆိုင်ရာ မြေကွက်ကြီး ဆီရွှေ့ပြောင်းလိုက်တယ်။ အဲဒီမှာ စိတ်ကူးစိတ်သန်းကောင်းတဲ့ ကလေးတွေဟာ သစ်သား၊၊ သတ္ထု၊ ဓါတုဗေဒ၊ ဇီဝဗေဒ အလင်းတန်းပညာတွေနဲ့ အလုပ်လုပ်နိုင်ပြီး တစ်ခါတစ်လေမှာ ကမ္ဘာ့ သမုဒ္ဒရာတွေ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေအတွက် ဖြေရှင်းနည်းတွေကို ဖန်တီးဖို့ အားကောင်းတဲ့ ကိရိယာတွေနဲ့ပါ လုပ်ကြပါတယ်။ အဲဒီမှာ သူငယ်စဉ်က သူ့မိဘတွေက သူ့ကို သင်ပေးခဲ့တဲ့ အများကလက်ခံတဲ့ သင်ခန်းစာဖြစ်တဲ့ "မင်းအမှိုက်ဖွလို့ရတယ်၊ ဒါပေမဲ့ ပြီးရင်တော့ ကိုယ့်ဘာသာ ရှင်းရမယ်နော်" ဆိုတာကို သွတ်သွင်းပေးပါတယ်။

