နေကို ဝယ်ဖို့ ဘယ်လောက် ကုန်ကျမလဲ။
472,792 plays|
Cella Wright |
TED-Ed
• April 2025
ဒဲဒါးလပ်စ်ဟာ အီးကားရပ်စ် ကို ဆုံးရှုံးပြီးကတည်းက အရင်လို မဟုတ်တော့ဘူး။ ရုတ်တရက်၊ သူဟာ ဟေလီယိုဆီကနေ နေကို ၀ယ်ယူဖို့ စိတ်ဝင်စားတာကို စပြောလာတယ်။ ဒဲဒါးလပ်စ်က အီးကားရပ်ကို လက်စားချေဖို့ ဒါကို ဖျက်ဆီးဖို့ ဒါမှမဟုတ် နေရဲ့ ဧရာမ စွမ်းအားကို အခြား အမြော်အမြင်မရှိတဲ့ ရည်ရွယ်ချက်တွေဆီ ပို့ဆောင်ဖို့ဆန္ဒပြင်းနေတယ်လို့ ကောလာဟလတွေက ဆိုကြတယ်။
သူက နတ်စာရင်းကိုင်တစ်ယောက်ကို ဆင့်ခေါ်ပြီး နေကို ဝယ်ဖို့ ဘယ်လောက် ကုန်ကျမလဲလို့ မေးတယ်။ Cella Wright ကနေပြီး ကျွန်တော်တို့ ကြယ်ရဲ့ တန်ဖိုးကို ငွေကြေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု လုပ်ထားတာပါ။
[ သင်ခန်းစာကို Cella Wright က ဖန်တီးပြီး Igor Ćorić၊ Artrake Studio က ရိုက်ကူးထားတာပါ။ ]