အကြမ်းဖက်မှု သံသရာတွေကို အလျဉ်ပြတ်စေတဲ့ စိတ်ကျန်းမာရေး စောင့်ရှောက်မှု
အယ်လ် ဆာဗေဒိုလို လက်တင် အမေရိကနိုင်ငံတွေမှာ အဓိကအနေနဲ့ အကြမ်းဖက်မှု အဆိုးသံသရာတစ်ခုကြောင့် လူသတ်မှု နှုန်းတွေက ကြောက်ခမန်းလိလိ မြင့်မားနေပါတယ်၊ လူတွေမှာ ထပ်တလဲလဲဖြစ်နေတဲ့ တစ်ဦးချင်းနဲ့ စုပေါင်း စိတ်ဒဏ်ရာကနေ ကုစားဖို့ အခွင့်အလမ်း မရရှိကြဘူး။ Glasswing International က ဒီ ဆိုလာနဲ့ သူ့အဖွဲ့ဟာ ဆရာ၊ ဆရာမတွေနဲ့ ရဲဝန်ထမ်းတွေလို အစိုးရဝန်ထမ်းတွေကို စိတ်ကျန်းမာရေး စောင့်ရှောက်မှု အလိုအပ်ဆုံးသူတွေထံ ပံ့ပိုးဖို့ ကျွမ်းကျင်မှုတွေနဲ့ အသိပညာတွေ ဖြည့်ဆည်းပေးရင်း၊ ဒီသံသရာကို ချိုးဖျက်ဖို့ မျှော်လင့်နေတာပါ၊ သူတို့ရဲ့ ရည်မှန်းချက်ကတော့ လူဦးရေ ၁၀ သန်းနီးပါးဆီ ရောက်ရှိစေရင်း၊ အလယ် အမေရိက ဒေသတွင်းက အန္တရာယ်အများဆုံး မြို့နယ်ပေါင်း ၂၅ ခုရှိ ရှေ့တန်း အဖွဲ့အစည်းပေါင်း ၂,၀၀၀ ကျော်ကို စိတ်ကျန်းမာရေး ပံ့ပိုးမှု ရပ်ရွာ အခြေပြုနည်းလမ်းတွေနဲ့အတူ ပြောင်းလဲပေးဖို့ပါပဲ။
(ဒီရည်မှန်းချက်ကြီးမားတဲ့ အစီအစဉ်က ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲကို လှုံ့ဆော်၊ ရန်ပုံငွေထောက်ပံ့ပေးတဲ့ TED ရဲ့ Audacious Project ရဲ့ တစ်စိတ်တစ်ပိုင်းပါ။)

