ခင်ဗျားတို့ရဲ့ စမတ်ဖုန်း အလုပ်လုပ်ပုံကို တစ်ခါဘူးမျှ စဉ်းစားခဲ့ဖူ့ပါသလား။ သိပ္ပံပညာရှင် Cathy Mulzer နဲ့အတူ အက်တမ်အဆင့်အထိကို အဲဒါကို စူးစမ်းလေ့လာကြည့်ရင်း ကျုပ်တို့ရဲ့ စွမ်းထက်လှကြတဲ့ ကိရိယာတိုင်းလိုလို ရှင်သန်လုပ်ကိုင်နိုင်ကြတာက အားလုံး ထင်မှတ်ကြသလို Silicon Valley စွန့်ဦးတီထွင်ရှင်များကြောင့် မဟုတ်ဘဲ၊ ဓာတုဗေဒ ပညာရှင်တွေ ကြောင့်ပါ ဆိုတာကို သိလာရမှာဖြစ်ပါတယ်။ "ဓာတုဗေဒကမှ အီလက်ထရွန်နစ် ဆက်သွယ်မှုများ အားလုံးရဲ့ တကယ့် သူရဲကောင်ကြီးပါ။" လို့ သူမက ဆိုပါတယ်။
