ကျွန်ုပ်တို့ဟာ တက်တူးတွေကို အလှအပအတွက်ရော၊ လက်တွေ့အသုံးဝင်မှုအတွက်ပါ သုံးနိုင်ပါသလား။ နာနိုနည်းပညာရှင် Carson Bruns ကနေပြီး သင်ဟာ နေလောင်တာခံနေရတဲ့အခါ သင့်ကို ပြောပြနိုင်တဲ့ မင်ရောင်ပြောင်းလဲခြင်းလို ၎င်းတို့ပတ်ဝန်းကျင်နဲ့ တုံ့ပြန်ဆက်သွယ်တဲ့ အဆင့်မြင့်နည်းပညာ တက်တူးနဲ့ ဖန်တီးထားတဲ့ သူ့လက်ရာကို မျှဝေထားပြီး ၎င်းတို့ဟာ သင့်ကျန်းမာရေးအတွက် အချိန်နဲ့တစ်ပြေးညီ သတင်းအချက်အလက်ကို ပို့ဆောင်ပေးနိုင်တဲ့ စိတ်လှုပ်ရှားစရာ နည်းလမ်းတွေကို ပြသထားပါတယ်။

