ဒစ်ဂျစ်တယ် အာဏာသိမ်းပုံက ဒီလိုပါ။
2,365,535 plays|
Carole Cadwalladr |
TED2025
• April 2025
“ကျွန်မတို့က နိုင်ငံတကာ ဖွဲ့စည်းပုံစနစ် ပြိုကျမှုကို အချိန်နဲ့တပြေးညီ စောင့်ကြည့်နေပါတယ်၊ ဒါက အစပဲရှိသေးတာပါ” လို့ စူးစမ်းလေ့လာတဲ့ သတင်းထောက် Carole Cadwalladr က ဆိုပါတယ်။ စိတ်နှလုံး ညှိုးချုံးစေတဲ့ ဟောပြောချက်တစ်ခုမှာ၊ ဒီမိုကရေစီကို ဖြိုဖျက်ပြီး ကမ္ဘာတဝှမ်းက အာဏာရှင်ဆန်မှုကို ဖြစ်မြောက်စေရင်း၊ မကြုံစဖူး ပထဝီနိုင်ငံရေး အာဏာကို စုဆောင်းဖို့၊ သူတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေကို အသုံးပြုနေတဲ့ အင်အားကြီး နည်းပညာ အမှုဆောင်တွေဖြစ်တဲ့၊ “broligarchy” ထွန်းကားလာမှုကို သူက ရှုတ်ချထားပါတယ်။ သူ့ရဲ့ လှုံ့ဆော်ပေးတဲ့ ပန်ကြားချက်က၊ ဒေတာ ကောက်ယူတာနဲ့ လူထု စောင့်ကြည့်တာကို တွန်းလှန်ပြီး ဒစ်ဂျစ်တယ်ဆိုင်ရာ မနာခံမှုရဲ့ တစ်ဟုန်ထိုးဖြစ်ပေါ်လာတဲ့ လူထုသဘောထားအတွင်းမှာ အခြားသူတွေကို ပံ့ပိုးပေးပါတဲ့။ “သင်တို့မှာ ထင်ထားတာထက် စွမ်းအားပိုရှိတယ်” လို့ သူက ဆိုပါတယ်။ (ဤဟောပြောချက်တွင် ရင့်သီးသော ဘာသာစကား ပါဝင်သည်။)