ကြိုတင်ဟောကိန်းတွေရဲ့ အာဏာစက်ကို သတိပြုပါ။
245,065 plays|
ကာရစ်ဆာ ဗေးလစ်ဇ် |
TED2026
• April 2026
အီးဒီးပါ့စ် ဇာတ်လမ်းနဲ့ သင့်ရဲ့ အာမခံ ပရီမီယံကြေးတွေမှာ တူညီနေတာက ဘာလဲ။ ဒါတွေ နှစ်ခုစလုံးကို စေ့ဆော်ပေးတာက မြေကြီးလက်ခတ်မလွဲ ဟောကိန်းတွေပါ။ ဒဿနပညာရှင်နဲ့ TED ဝိုင်းတော်သား၊ ကာရစ်ဆာ ဗေးလစ်ဇ်ကနေပြီး၊ ရှေ့ဖြစ်ဟောသူတွေကို ပိတ်ပင်ခဲ့တဲ့ ရောမဧကရာဇ်တွေကနေ လက်ရှိ သင့်ဘဝနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို တိတ်တဆိတ်ချနေတဲ့ အေအိုင် အယ်လဂိုရီသမ်တွေအထိ၊ ကြိုတင်ဟောကိန်းတွေရဲ့ ပုန်းကွယ်နေတဲ့ အာဏာစက်ကို ခြေရာခံထားတာပါ။ကျွန်မတို့က ဟောကိန်းတွေကို အသိပညာနဲ့ ဆက်စပ်လေ့ရှိပေမဲ့၊ ဒါတွေက တကယ်တော့ စွမ်အာဏာစက်ကို လုယူဖို့ ကြိုးပမ်းမှုတွေပါလို့ သူက ဆိုပါတယ်။ ဒီတော့ နောက်တစ်ကြိမ် တစ်စုံတစ်ယောက်က တိကျတဲ့ ရလဒ်က မြေကြီးလက်ခတ်မလွဲဘူးလို့ သင့်ကို ပြောရင်၊ ဒီလူက အနာဂတ်ကို သရုပ်ဖော်နေတာမဟုတ်ဘဲ အနာဂတ်ကို ရောင်းစားနေတယ်ဆိုတာကို သတိရပါ။
