အထီးကျန် စိတ်ဝေဒနာကို နားလည်ဖို့ မျက်နှာမလွှဲပါနဲ့။
Carina Morillo ဟာ သူမရဲ့သား Ivan ရောဂါစပေါ်တော့ အထီးကျန် စိတ်ဝေဒနာအကြောင်းကို ဘာမှ မသိသလောက်ပါ။ သူ စကားမပြောဘူး ဒါမှမဟုတ် စကားလုံးတွေကို မတုံ့ပြန်ဘူးဆိုတာ လောက်ဖြစ်ပြီး သူနဲ့ ဆက်သွယ်ဖို့အတွက် အခြားနည်းလမ်းတွေ ရှာခဲ့ရပါတယ်။ သူနဲ့အတူလိုက်ပြီး သိချင်စိတ်ဖြစ်ခြင်းကနေ သူမရဲ့သားကို ဖွံ့ဖြိုးရှင်သန်စေဖို့ အထောက်အကူပေးဖို့ ဘယ်လို သူမလေ့လာ သင်ယူခဲ့တယ်ဆိုတာကို မျှဝေထားပါတယ်။
