ဆယ်ကျော်သက်တွေနဲ့ နည်းပညာအပေါ် လွဲမှားနေတဲ့ အမြင်
260,675 plays|
Candice Odgers |
TED2026
• April 2026
နှစ်ပေါင်းများစွာ သတိပေးချက်ကတော့ စမတ်ဖုန်းတွေဟာ မျိုးဆက်တစ်ခုလုံးကို ဖျက်ဆီးနေတယ်ဆိုတာပါပဲ။ ဒါပေမဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ စိတ်ပညာရှင် ကန်းဒစ် အော့ဂျာ့စ်ကတော့ ဆယ်ကျော်သက်တွေအကြောင်း ဆယ်စုနှစ်များစွာ ကောက်ယူထားတဲ့ ဒေတာတွေအရ အမှန်တရားက တခြားစီ ဖြစ်နေတယ်လို့ ဆိုပါတယ်။ အကြမ်းဖက်မှု၊ အရက်သေစာ သုံးစွဲမှုနဲ့ ကိုယ်ဝန်ဆောင်မှုနှုန်းတွေဟာ သမိုင်းတစ်လျှောက် အနိမ့်ဆုံးအဆင့်မှာ ရှိနေပြီး၊ လူမှုမီဒီယာဟာ စိတ်ကျန်းမာရေးပြဿနာတွေရဲ့ အဓိကတရားခံ မဟုတ်ကြောင်း သုတေသနတွေက ပြသနေပါတယ်။ဒီနေ့ခေတ် ကလေးတွေကို တကယ်တမ်း အနှောင့်အယှက်ပေးနေတဲ့အရာက ဘာလဲဆိုတာနဲ့ သူတို့ကို အွန်လိုင်းအသုံးပြုခွင့် ပိတ်ပင်လိုက်တာက ဘာကြောင့် အခြေအနေကို ပိုဆိုးသွားစေနိုင်သလဲဆိုတဲ့ သူ့ရဲ့ခွဲခြမ်းစိတ်ဖြာမှုကို နားဆင်ကြည့်လိုက်ပါ။

