Britta Riley ဟာ သူမရဲ့ကိုယ်ပိုင် အခန်းငယ်လေးထဲမှာ သူမကိုယ်ပိုင် အစားအစာကို စိုက်ပျိုးချင်ခဲ့သူပါ။ ဒါနဲ့ပဲ သူမသူငယ်ချင်းတွေနဲ့အတူ စွန့်ပစ်ထားတဲ့ ပလပ်စတစ်ပုလင်းတွေထဲမှာ အပင်ငယ်တွေ စိုက်ပျိုးဖို့အတွက် စနစ်တစ်ခုကို တီထွင်ဖန်တီးခဲ့ပါတယ်။ သုတေသနပြုရင်း၊ စနစ်ကို လူမှုရေးမီဒီယာတွေသုံးပြီး စမ်းသပ်ရင်း လှည့်ကာ၊ ညှိကာနဲ့ အမျိုးကွဲများစွာကို စမ်းကြည့်ရင်းနဲ့ တမဟုတ်ချင်းမှာပဲ အဆင်ပြေဆုံး စနစ်တစ်ခုရောက်ရှိလာခဲ့တယ်။ ဒါကို ဝေငှထားတဲ့ DIY (ကိုယ်တိုင်လုပ်) လို့ခေါ်ပါတယ်။ အကျိုးရလဒ်လား၊ အရသာရှိတာပေါ့။

