ဘာက အဓိပ္ပါယ်ရှိတဲ့ ဘဝတစ်ခုကို ဖြစ်စေတာလဲ။ လူမှုစိတ်ပညာရှင် Brian S. Lowery ကနေပြီး အဓိပ္ပါယ်ရဲ့ အတွေ့အကြုံနဲ့ ဆက်နွယ်နေတဲ့ အယူအဆ သုံးခုကို စူးစမ်းလေ့လာပြီး ပုဂ္ဂိုလ်ရေး အောင်မြင်မှုတွေကို လိုက်ရှာရုံသက်သက်က ဘာကြောင့် ဒီအဓိပ္ပါယ်ကို တွေ့ရှိဖို့ အကောင်းဆုံး နည်းလမ်းမဟုတ်တာကို ပြသထားတာပါ။
