ကျွန်တော် တယောက်တည်း ရပ်နေခဲ့စဉ်တုန်းက
ဓာတ်ပုံဆရာ Boniface Mwangi ဟာ သူ့အမိနိုင်ငံ ကင်ညာမှာ ချစားမှုကို တိုက်ဖျက် ဆန့်ကျင်လိုခဲ့ပါတယ်။ သူဟာ စီမံကိန်း တခုကို စိတ်ကူးခဲ့တယ် - လူထု အစည်းအဝေးကြီး တခုမှာ သူနဲ့သူ့မိတ်ဆွေ တချို့တို့ မတ်တပ်ရပ်လိုက်ကာ မေးခွန်းတွေကို ဟစ်ကြွေးမေးကြရန်ပါ။ ဒါပေမဲ့ အဲဒီအချိန် ရောက်လာတဲ့ အခါမှာ...သူဟာ တယောက်တည်း ရပ်နေခဲ့ရတယ်။ အဲဒီနောက်မှာ ဖြစ်ပျက်လာခဲ့ကြတဲ့ အရာတွေက သူတကယ်တမ်းမှာ ဘယ်သူလဲ ဆိုတာကို ပြသခဲ့ကြတယ်လို့ သူကဆိုပါတယ်။ သူက၊ "ကျွန်တော်တို့ရဲ့ ဘဝထဲမှာ အရေးကြီးဆုံး နေ့ နှစ်ရက် ရှိပါတယ်။ ကျွန်တော်တို့ မွေးတဲ့နေ့ နဲ့ ဘာကြောင့် မွေးခဲ့တာလဲ ဆိုတာကို သိနားလည်တဲ့ နေ့တွေပဲ။" ဆိုပါတယ်။ ဂရပ်ပုံတွေ ပါပါတယ်။
