"Macbeth" ကို စေ့ဆော်ပေးခဲ့တဲ့ ကြောက်မက်ဖွယ် အလယ်ခေတ် ဘုရင်
453,140 plays|
Benjamin Hudson |
TED-Ed
• March 2025
ရှိတ်စပီးယားရဲ့ ပြဇာတ်အားလုံးမှာ၊ သဘာဝလွန် အရိပ်အယောင်တွေနဲ့ ပြည့်နှက်နေတဲ့ အာဏာအကြောင်း ပုံဆောင်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့"Macbeth" ထက် ပိုထူးဆန်းတာ တစ်ပုဒ်မှ မရှိလောက်ဘူး။ ဒါပေမဲ့၊ ၁၁ ရာစုတုန်းက စာတွေအရ၊ ဒီအဖြစ်ဆိုးက လက်တွေ့မှာ ၎င်းရဲ့ အရင်းခံတွေရှိတယ်။ ဒါထက်ပိုတာက၊ အခြားမှတ်တမ်းတွေတွေက စုန်းတွေ၊ ရှေ့ဖြစ်ဟောကိန်းတွေနဲ့ သစ်ပင် စစ်တပ်တွေကို ဖော်ပြတယ်။ မေးစရာရှိလာတာက ရှိတ်စပီးယားရဲ့ ဒီထူးဆန်းတဲ့ ဇာတ်လမ်းက ဘယ်လောက်မှန်လဲဆိုတာပါ ။ Benjamin Hudson ကနေပြီး စူးစမ်းထားတာပါ။ [ Sarah Saidan က ရိုက်ကူးပြီး Adrian Dannatt က ဇာတ်ကြောင်းပြောကာ André Aires က တေးဂီတကို ဖန်တီးထားပါတယ်။]
