ကိုယ့်စိတ်ကူးတွေကို သတ်ပစ်ရေး နည်းလမ်း ၅ ခု
ကျွန်တော်တို့ အားလုံးဟာ အားလုံးကို ပြောင်းလဲ့ပစ်မယ့် ထုတ်ကုန်မျိုးကို ထုတ်လုပ်ချင်ကြတယ်၊ အောင်မြင်တဲ့ ကုမ္ပဏီကို ထူထောင်ချင်ကြတယ်၊ အရောင်းသွက်မယ့် စာအုပ်ကို ရေးချင်ကြတယ်။ လက်တွေ့မှာကျတော့ အဲဒီလို လုပ်နိုင်သူ နည်းလှပါတယ်။ ဘရာဇီးလ် နိုင်ငံမှ စွန့်ဦးလုပ်ငန်းရှင် Bel Pesce ဟာ ကျွန်တော်တို့ရဲ့ စိတ်ကူး လက်တွေ့ဖြစ်မလာအောင် အာမခံပေးကြမယ့် ယုံကြည်ရန် သိပ်ကိုလွယ်တဲ့ နည်းလမ်း ၅ ခုကို ပြောပြထားပါတယ်။
