အိုအင်းလာမှုကို ခက်ခဲအောင်လုပ်ပေးနိုင်တာက ကုန်လွန်သွားတဲ့ အချိန်ကာလ မဟုတ်ပါ။ ဒါက အိုပယ်ဝါဒပါ၊ ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ရဲ့ အနာဂတ်ဘဝတွေနဲ့ တစ်ဦးကိုတစ်ဦး ဖက်ပြိုင်အံတုကြည့်တဲ့ မလိုမုန်းထားမှုတစ်ခုပါ။ Ashton Applewhite ကနေပြီး ထိတ်လန့်မှုကို ဖြိုဖျက်ပြီး နောက်ဆုံးသော လူမှုရေးပိုင်းအရ လက်ခံကြတဲ့ မလိုမုန်းထားမှုကို ဆန့်ကျင်ကာ ဆော်ဩစည်းရုံးကြဖို့ ကျွန်ုပ်တို့ကို တိုက်တွန်းထားပါတယ်။ "အသက်အရွယ်အိုမင်းလာတာက ပြင်ဆင်ဖို့ ပြဿနာတစ်ရပ် သို့မဟုတ် ကုသဖို့ ရောဂါတစ်ခု မဟုတ်ဘူး၊ ဒါ ကျွန်မတို့ အားလုံးကို စုစည်းပေးတဲ့ စွမ်းအားရှိတဲ့ ရာသက်ပန် သဘာဝ ဖြစ်စဉ်တစ်ခုပါ"လို့ သူမကဆိုထားပါတယ်။

