စကားလုံးတွေကို စိတ်ထဲမှာပဲ ဆိုရုံသက်သက်နဲ့ ပါးစပ်မဟပဲ သင့်ကိုယ်သင် စကားပြောကြည့်ပါ။ ဒီလိုမျိုး အင်တာနက်ကို သင်ရှာဖွေနိုင်ပြီး အဖြေတစ်ခု ပြန်ရနိုင်မယ်ဆိုရင်ရော။
TED ဝိုင်းတော်သား Arnav Kapur ကနေပြီး သူ့နည်းပညာသစ်ရဲ့ ပထမဆုံး အများပြည်သူကို တိုက်ရိုက်ထုတ်လွင့်ပြသမှုထဲမှာ AlterEgo ကို မိတ်ဆက်ပေးထားပါတယ်။ သင့်ကို တိတ်ဆိတ်စွာ စကားပြောပြီး ကွန်ပြူတာစနစ်တစ်ခုကနေ သတင်းအချက်အလက်ရစေဖို့ အလားအလာရှိတဲ့ ဝတ်ဆင်လို့ရတဲ့ AI ကိရိယာတစ်ခုပါ။ သင့်ခေါင်းထဲမှာရှိတဲ့ အသံတစ်ခုလိုမျိုးပါ။ ဒီကိရိယာ အလုပ်လုပ်ပုံနဲ့ ဒီလူသားနဲ့ ကွန်ပြူတာ တုံ့ပြန်ဆက်သွယ်မှု အမျိုးအစားသစ်ရဲ့ အနှံ့အစပ်ရောက်ရှိတဲ့ ဂယက်ရိုက်မှုတွေကို ပိုမိုလေ့လာလိုက်ပါဦး။
