ချော်ရည် စီးဆင်းမှုကို ရပ်တန့်ဖို့ ဖြစ်နိုင်လား။
122,282 plays|
Arianna Soldati |
TED-Ed
• May 2026
၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ အိုက်စလန် နိုင်ငံသားတွေဟာ သူတို့ရဲ့ အဆိုးရွားဆုံး အိပ်မက်ဆိုးကြီးကို ကြုံတွေ့ခဲ့ရတယ်။ မီးတောင်အက်ကြောင်းတစ်ခု ပွင့်ထွက်လာပြီး မီတာ ၁၀၀ အထိမြင့်တဲ့ ချော်ရည်ရေပန်းတွေကို မှုတ်ထုတ်ခဲ့တာပါ။ ချော်ရည်ပူတွေဟာ မြို့ငယ်လေးတစ်မြို့ကို သီသီလေး လွဲချော်သွားခဲ့ပေမဲ့၊ အိုက်စလန်နိုင်ငံဟာ ဘယ်သူ့ကံကြမ္မာကိုမှ နောက်တစ်ကြိမ် လောင်းကြေးမထပ်ချင်တော့တာကြောင့် အနာဂတ် မီးတောင်ပေါက်ကွဲမှုတွေအတွက် စတင် ပြင်ဆင်ခဲ့ပါတယ်။ အာရီရန်နာ ဆော်ဒါတီကနေပြီး ဒီလိုဖျက်ဆီးအားပြင်းတဲ့ ချော်ရည်ပူမြစ်ကြီးတွေကို ထိန်းချုပ်ဖို့ အလားအလာရှိတဲ့ နည်းဗျူဟာ ၃ ခုကို စူးစမ်းထားတာပါ။
သင်ခန်းစာကို အာရီရန်နာ ဆော်ဒါတီက ပြုစုပြီး Anastasiia Falileieva၊ Studio Plastic Bag က ရိုက်ကူးထားပါတယ်။
