တစ်ညလုံး မအိပ်ဘဲနေတာက သင့်ဦးနှောက်ကို ဘာဖြစ်သွားစေလဲ။
နွေရာသီ အနားယူတဲ့ ကာလရောက်ဖို့ နောက်ဆုံး သမိုင်းဘာသာတစ်ခုသာ ကျန်ပါတော့တယ်။ ဒါပေမဲ့ လေ့လာစရာတွေ အများကြီးကျန်သေးတယ်။ သင်ဟာ ကိုယ့်ရှေ့က ကျောင်းသားများစွာရဲ့ ခြေရာကို လိုက်ဖို့ ဆုံးဖြတ်ပြီး ညလုံးပေါက် စာကျက်လိုက်တယ်။ ဒါဆို တစ်ညလုံး မအိပ်ဘဲနေတာက ဦးနှောက်က ဘာဖြစ်သွားစေလဲ။ ဒီလို စာတွန်းကျက်တာက စာမေးပွဲအတွက် ပြင်ဆင်ရာတွင် သင့်ကို တကယ် အထောက်အကူ ဖြစ်စေပါသလား။ Anna Rothschild ကနေပြီး အိပ်မပျော်တဲ့ ညတစ်ညက သင့်ရဲ့ သိမှတ်မှုဆိုင်ရာ လုပ်ဆောင်မှုကို သက်ရောက်စေပုံကို စူးစမ်းထားတာပါ။
