ကမ္ဘာကြီး ပျက်စီးနေပြီလို့ သင် ယုံကြည်တာ၊ မယုံကြည်တာက သင် သတင်းရရှိတဲ့ နေရာအပေါ် မူတည်နိုင်လောက်တယ်လို့ သတင်းစာဆရာ Angus Hervey က ဆိုပါတယ်။ သူက သန့်ရှင်းတဲ့ စွမ်းအင် တိုးတက်မှုတွေကနေ အလွန်အမင်း ဆင်းရဲမွဲတေမှု၊ ရာဇဝတ်မှုနဲ့ ရောဂါဖြစ်နှုန်း လျော့ကျတာအထိ လွန်ခဲ့တဲ့နှစ်က အဓိက မီဒီယာ အဖွဲ့အစည်းတွေ မျက်စိမှောက်သွားခဲ့တဲ့ တိုးတက်မှု ဖြစ်ရပ်တွေကို ဟောပြောပြီး ဒီလို ဖြစ်ရပ်တွေကို ကျွန်တော်တို့ ပိုအာရုံစိုက်သင့်တယ်လို့ အကြံပြုလိုက်တာပါ။ "တကယ်လို့ ကျွန်တော် တို့ဟာ လူတွေကို တိုးတက်မှု လုပ်ဆောင်တဲ့ တာဝန်ကို ရည်စူးစေချင်ရင်၊ တိုးတက်မှု လုပ်ဆောင်ဖို့ ဖြစ်နိုင်တယ်လို့ လူများများကို ပြောသင့်တယ်လို့" Hervey က ဆိုပါတယ်။
