ပျားကောင်ရဲ့ ဘဝထဲက ပထမ ၂၁ ရက် အကြောင်း ကျောချမ်းစရာ ဗီဒီယို
ပျားကောင်တွေ ပျောက်ကွယ်လာနေကြောင်း ပြောဆိုသံတွေ ကျွန်တော် ကြားရပါတယ်။ ပျားတွေရဲ့ ဘဝကို အန္တရာယ်ပြုနေကြတဲ့ အရာတွေက ဘာတွေလဲ? ဓာတ်ပုံဆရာ Anand Varma ဟာ အနီးကပ် ဓာတ်ပုံတွေကို ရိုက်ယူနိုင်ဖို့ သူ့အိမ် နောက်ဖေးမှာ၊ ကင်မရာ ရှေ့မှာ၊ ပျားတွေကို မွေးမြူကြည့်ခဲ့ပါတယ်။ National Geographic အတွက် ဖြစ်ခဲ့တဲ့ အဲဒီပရိုဂျက်ဟာ ပျားအုံထဲကို တစေ့တစောင်း ကြည့်ရှုခွင့်ကို ပေးခဲ့လို့၊ ပျားတွေရဲ့ ကျန်းမာရေးကို အခြိမ်းခြောက်ဆုံးက ပျားတွေရဲ့ ဘဝထဲက ပထမ ၂၁ ရက်အတွင်း နှိပ်စက်တတ်တဲ့ ကမျဉ်းကောင်ပဲ ဖြစ်ပါတယ်။ Varma ဟာ အံ့အားသင့်စရာ သူ့ဓာတ်ပုံများဖြင့်၊ ပြီးတော့ Magik*Magik Orchestra ဂီတတေးသွားရဲ့ ပံ့ပိုးမှုဖြင်၊ ပြဿနာကို ဖေါ်ထုတ်ပြပေးလျက်... အဲဒါကို ဖြေရှင်းနိုင်ဖို့အတွက် ဘာတွေ လုပ်ကိုင်နေကြောင်းကို တင်ပြထားပါတယ်။ (ဒီဟောပြောချက်ကို Pop-Up Magazine (popupmagazine.com or @popupmag on Twitter) ရဲ့ လုပ်ဆောင်ချက်ဖြစ်ခဲ့တဲ့ ဟောပြောခန်းအဖြစ် TED2015 မှာ တင်ဆက်ပေးခဲ့တာပါ။
