ပိုကောင်းမွန်တဲ့ နှလုံးကျန်းမာရေးအတွက် စမတ်ဘရာ
နေ့စဉ်ဝတ် အဝတ်အစားတစ်ထည်က သင့်ကျန်းမာရေးကို ကာကွယ်ပေးနိုင်လား။ ဒီတိုတောင်းတဲ့ ဟောပြောချက်မှာ TED ဝိုင်တော်သားဖြစ်သူ အလစ်ရှာ ချောင် ရိုဒရီဂွက်ဇ်က နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းနဲ့ ခန္ဓာကိုယ်အပူချိန်လို ဇီဝအမှတ်အသားဆိုင်ရာ အချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ စုဆောင်းဖို့ ဒီဇိုင်းထုတ်ထားတဲ့ စမတ်ဘရာတစ်ထည်နဲ့ မိတ်ဆက်ပေးသွားမှာပါ။ ဒီအသက်ကယ် နည်းပညာပစ္စည်းလေးက နှလုံးသွေးကြောဆိုင်ရာ သုတေသနမှာ ကျား/မ ကွာဟချက်ကို ဘယ်လိုကျဉ်းမြောင်းပေးနိုင်မလဲ၊ နောက်ဆုံးမှာတော့ အမျိုးသမီးတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ၂၁ ရာစုခေတ်သစ်ဆီ ဘယ်လိုဦးဆောင်လမ်းပြပေးသွားမလဲ ဆိုတာ လေ့လာကြည့်လိုက်ပါ။

