နေ့ဆိုးတွေကို ဘာကြောင့် သဘောကျတာလဲ
192,706 plays|
Alexi Pappas |
TEDNext 2025
• November 2025
ရီယို အိုလံပစ်ပွဲတော်မတိုင်ခင် တစ်လအလိုမှာ အပြေးသမား အလက်ဇီ ပါးပါ့စ်ဟာ လေ့ကျင့်ခန်းလုပ်စဉ် သတ်မှတ်ချိန်မမီတဲ့ အခက်အခဲနဲ့ ကြုံခဲ့ရတယ်။ သူက နာရီပေါ်က စံချိန်တွေကို ပြောင်းလဲပေးပါတော့လို့ စိတ်ထဲကနေ ဆုတောင်းနေမိခဲ့တာပါ။ အဲဒီနောက်မှာ နည်းပြက နာရီကို ချွတ်ထားဖို့ပြောပြီး သူ ရရှိဖူးသမျှ အကောင်းဆုံး အကြံဉာဏ်ကို ပေးခဲ့ပါတယ်။ ဒီအသိပညာတစ်ခုတည်းကပဲ သူ့ကို အမျိုးသားအဆင့်စံချိန် ချိုးဖျက်နိုင်စေခဲ့သလို၊ ကိုယ်ရေးမှတ်တမ်း တစ်အုပ်နဲ့ အဝေးပြေးမာရသွန်ပြိုင်ပွဲတွေ၊ ရုပ်ရှင် ၃ ကားနဲ့ ပန်းတိုင်တွေဆီ လျှောက်လှမ်းတဲ့ ပုံစံကိုလည်း ပြောင်းလဲစေခဲ့တာပါ။ သူပြောတာက “နေ့ဆိုးတွေက လမ်းလွှဲတစ်ခုမဟုတ်ဘဲ၊ ကိုယ်က လမ်းကြောင်းမှာပေါ်မှာ ရောက်နေတာကို ဆိုလိုတာပါ”တဲ့။
