သင် ဒီယုတ္တိအမှားကို ကျော်ဖြတ်နိုင်မလား
2,375,966 plays|
Alex Gendler |
TED-Ed
• November 2019
လူစီနဲ့ ဆုံကြည့်လိုက်ပါ။ သူမဟာ ကောလိပ်မှာ သင်္ချာမေဂျာ ယူခဲ့သူဖြစ်ပြီး ဖြစ်တန်စွမ်း တွက်ချက်မှုနဲ့ စာရင်းအင်းပညာ ဘာသာရပ်အားလုံးမှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့သူပါ။ သူမဟာ ပုံတူပန်းချီဆရာမတစ်ဦး ဖြစ်နိုင်ခြေ နဲ့ ပိုကာဖဲကစားတတ်တဲ့ ပုံတူပန်းချီဆရာမတစ်ဦး ဖြစ်နိုင်ခြေ နှစ်ခုမှာ ဘယ်အချက်က ပိုပြီး ဖြစ်နိုင်ခြေရှိတယ်လို သင်ထင်ပါသလဲ။ ဘယ်ဖော်ပြချက်က ပိုမှန်ကန်နိုင်ခြေရှိလဲဆိုတာကို ကျွန်ုပ်တို ဘယ်လိုသိနိုင်မလဲ။ အဲလက်စ် ဂျန်ဒလာ (Alex Gendler) က ဖြတ်လမ်းနည်းတွေ ရှာဖွေတတ်တဲ့ ကျွန်ုပ်တိုရဲ့ စိတ်အထာနဲ့ ပူးတွဲယူဆမှု ယုတ္တိအမှားလို့ လူသိများတဲ့ ဖြစ်စဉ်ကို စူးစမ်းဖော်ထုတ်ထားပါတယ်။ [Directed by Artrake Studio, narrated by Addison Anderson, music by WORKPLAYWORK / Cem Misirlioglu].
