စစ်တုရင် သမိုင်းအကျဉ်း
12,772,461 plays|
Alex Gendler |
TED-Ed
• September 2019
တိုက်ခိုက်နေတဲ့ ခြေလျင်တပ်က ရှေ့တိုးလာနေပြီး၊ သူတို့ရဲ့ဆင်တွေက ခံစစ်စည်းကို ချိုးဖျက်နေပါပြီ။ ဘုရင်က နောက်ပြန်ဆုတ်ဖို့ ကြိုးစားပေမဲ့၊ ရန်သူက နောက်ကနေ ဝန်းရံထားတယ်။ လွတ်မြောက်ဖို့က မဖြစ်နိုင်ဘူး။ ဒါက တကယ့် စစ်ပွဲတစ်ပွဲမဟုတ်သလို၊ ကစားပွဲတစ်ခုသက်သက်လည်း မဟုတ်ဘူး။ တည်ရှိမှု နှစ်ပေါင်း ၁၅၀၀ ကျော်အတွင်း စစ်တုရင်ကို စစ်ရေးဗျူဟာ ကိရိယာတစ်ခု၊ လူသားရေးရာ ဥပစာတစ်ခုနဲ့ ဉာဏ်ထက်မြက်မှု အတိုင်းအတာတစ်ခုအဖြစ် လူသိများခဲ့တယ်။ အဲလက်စ် ဂျန်ဒယ်လာကနေပြီး စစ်တုရင် သမိုင်းကို မျှဝေထားတာပါ။ [ Remus & Kiki က ရိုက်ကူးပြီး Adrian Dannatt က ဇာတ်ကြောင်းပြောကာ Stephen LaRosa က တေးဂီတကို ဖန်တီးထားပါတယ်။ ]
