နှစ်ပေါင်း ၅၃၀၀ သက်တမ်း ရှိတဲ့ လူသတ်မှု ပဟေဠိတစ်ခု
1,717,931 plays|
Albert Zink |
TED-Ed
• August 2023
၁၉၉၁ ခုနှစ်၊ စက်တင်ဘာလမှာ ခြေလျင်တောင်တက်သမား နှစ်ယောက်က ရေခဲပြင်ကနေ ထွက်ပေါ်လာတဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်။ သုတေသီတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၃၀၀ ခန့်က အသက်ရှင်ခဲ့တဲ့ လူတစ်ယောက်ရဲ့ မပုပ်၊မသိုးဖြစ်နေတဲ့ ရုပ်အလောင်းကို ကြည့်ပြီး မကြာခင် သဘောပေါက်ခဲ့တာက သူဟာ ဆိုးရွားတဲ့ ရာသီဥတုထဲမှာ ပိတ်မိပြီး အေးခဲသွားတယ်လို့ ယူဆရတယ်ဆိုတာပါ။ ဒါပေမဲ့၊ အံ့အားသင့်စရာ တွေ့ရှိမှုတစ်ခုက သူ သေဆုံးရတဲ့ အကြောင်းအရင်းမှန်ကို ထုတ်ဖော်ပြသခဲ့ပြီး သူ့ဇာတ်လမ်းကို ပြောင်းပြန်လှန်လိုက်တာပါ။ ဒါဆို သူ ဘယ်လို သေသွားတာလဲ။ အဲလ်ဘတ် ဇင့်ခ်ကနေပြီး ရေခဲလူသား၊ အို့တ်ဇီအကြောင်း အမှန်တရားကို ဖော်ထုတ်ထားတာပါ။ [ Andrew Foerster၊ Rewfoe က ရိုက်ကူးပြီး Jack Cutmore-Scott က ဇာတ်ကြောင်းပြောကာ Devin Polaski က တေးဂီတကို ဖန်တီးထားပါတယ်။ ]

