နားလည်မှုလွဲမှားမှုကို ပေါင်းကူးပေးရန် အနုပညာကို အသုံးပြုပုံ။
ဒါရိုက်တာနဲ့ ပြဇာတ်ရေးဆရာမက Adong Judith ဟာ LGBTQ ရဲ့ ရပိုင်ခွင့်များမှအစ စစ်ရာဇဝတ်မှုတွေအဆုံး ပြဿနာမျိုးစုံ ဆိုင်ရာ ဆွေးနွေးမှုတွေကို လှုံ့ဆော်ပေးတဲ့ ဆွပေးရေး အနုပညာများကို ဖန်တီးပေးသူပါ။ တိုတောင်းလှပေမဲ့ ထက်မြက်တဲ့ ဒီဟောပြောခန်းမှာ၊ TED အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ သူမဟာ သူမရဲ့ လက်ရာတွေ ၊"တိတ်နေကြတဲ့ အသံများ" ပြဇာတ် အပါအဝင်၊ အကြောင်းကို အသေးစိတ် ဖော်ပြထားပါတယ်။
၎င်းဟာဆိုရင် Joseph Kony ရဲ့သူပုန်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်တဲ့ စစ်ပွဲမှာ မြောက်ပိုင်း ယုဂန်ဒါသားတွေရဲ့ ဓားစာခံတွေကို နိုင်ငံရေး၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ခေါင်းဆောင်များနဲ့အတူ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဟောပြောချက်အတွက် အတူ စုစည်းပေးခဲ့ပါတယ်။ "အချင်းချင်းကို နားထောင်ခြင်းဟာ ပြဿနာအားလုံးကို အံ့သြဖွယ် ဖြေရှင်းမှာတင်မက လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာများစွာကိုပါ အတူတကွ ဖြေရှင်းဖို့ စတင်လုပ်ဆောင်ရန် လမ်းမများကို ဖန်တီးဖို့ အခွင့်အလမ်းတစ်ခု ပေးပါလိမ့်မယ်" လို့ သူမက ဆိုထားပါတယ်။

