ကိုမိုဒို နဂါး အကိုက်ခံရတာကနေ လွတ်မြောက်နိုင်လား။
935,500 plays|
Achmad Ariefiandy |
TED-Ed
• May 2025
အင်ဒိုနီးရှားနိုင်ငံရဲ့ လက်ဆာ ဆွန်ဒါ ကျွန်းစုတစ်ခုပေါ်က ချုံပုတ်ကိုဖြတ်ပြီး ကုပ်ကပ်သွားလာနေစဉ်မှာ၊ ရှေ့က တောတွင်း နေရာလပ်မှာ ကိုမိုဒိုနဂါးတစ်ကောင်ကို ရုတ်တရက် မြင်မိတယ်။ တဖျပ်ဖျပ်လှုပ်နေတဲ့ လျှာနှစ်ခွ၊ လင်းလက်နေတဲ့ လွှသွားလို သွားတွေ၊ ၃ မီတာအထိ ရှည်လျားတဲ့ သန်မာပြီး အကြေးခွံဖုံးနေတဲ့ ကိုယ်ခန္ဓာရှိတဲ့ ကိုမိုဒို နဂါးတွေက ကြောက်စရာပါ။ ဒါဆို ဘာလုပ်သင့်လဲ။ သင် သေကိန်း ကြုံရပြီလား။ Achmad Ariefiandy ကနေပြီး ကမ္ဘာ့အကြီးဆုံး ပုတ်သင်တွေတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သိထားတာတွေကို မျှဝေထားတာပါ။ [ Denys Spolitak က ရိုက်ကူးပြီး Addison Anderson က ဇာတ်ကြောင်းပြောကာ Cem Misirlioglu က တေးဂီတကို ဖန်တီးထားပါတယ်]။
