သတ္တုကို မိုက်ခရိုဝေ့ဗ် မီးဖိုထဲမှာ ဘာလို့ ထည့်လို့မရတာလဲ။ Aaron Slepkov
2,105,777 plays|
Aaron Slepkov |
TED-Ed
• February 2024
၁၉၄၅ ခုနှစ်မှာ အင်ဂျင်နီယာ ပါစီ စပန်ဆာက ပြင်းထန်မှု မြင့်မားတဲ့ မိုက်ခရိုဝေ့ဗ်တွေ ထုတ်လုပ်တဲ့ ရေဒါ ကိရိယာအနီးမှာ ရပ်နေစဉ်မှာ သူ့ရဲ့ သကြားလုံးချောင်း အရည်ပျော်သွားခဲ့တာကို သတိထားမိခဲ့တယ်။ ဒီနောက်မှာ သူက ပြောင်းဖူးဆန်တွေကို မဂ္ဂနက်ထရွန် ကိရိယာနဲ့ ထိတွေ့စေတဲ့အခါ၊ ဒါတွေက တဖောက်ဖောက်ပေါက်တာ အသေအချာပါ။ သိပ်မကြာခင်မှာပဲ အလားတူ နည်းပညာကို သုံးရင်း၊ ပထမဆုံး မိုက်ခရိုဝေ့ဗ် မီးဖိုကို ရရှိလာတယ်။ ဒီတော့ ဒါက ဘယ်လို အလုပ် လုပ်တာလဲ။ Aaron Slepkov ကနေပြီး မိုက်ခရိုဝေ့ဗ် မီးဖိုတွေနဲ့ပတ်သက်တဲ့ သိပ္ပံပညာကို စူးစမ်းရှာဖွေထားတာပါ။
[ Yuriy Polyashko, Darvideo Animation Studio က ရိုက်ကူးပြီး Jack Cutmore-Scott က ဇာတ်ကြောင်းပြောက Reality Check က တေးဂီတကို ဖန်တီးထားပါတယ်။]

