"Slumdog Millionaire," "The Hundred-Foot Journey" နဲ့များစွာသော မရေတွက်နိုင်တဲ့ အခြားသော ရုပ်ရှင်များအတွက် တေးသွားပြုစုသူ ဂီတစာဆို A.R. Rahman ဟာ ကီးဘုတ်ကို တယောလတ်၊ သံစုံခေါင်းလောင်းတွေ၊ ဒရမ်တွေနဲ့ သိမ်မွေ့တဲ့ သီဆိုသံတွေနဲ့ ပေါင်းစပ်ထားတဲ့ သားနားပြီး ချစ်စရာကောင်းတဲ့ တီးခတ်မှုတစ်ခုတင်ဆက်ရင်း ရိုးရာ ရာဂါ ပုံစံကို စူးစမ်းထားပါတယ်။ သူဆိုတာက "ဆိုလိုတာကို သင် သိချင်မှသိမယ်၊ ဒါပေမဲ့ ဒါကိုသီဆိုထားပုံရဲ့ ရှုမောဖွယ်ရာ အလှကိုတော့ ခံစားလို့ရပါတယ်"တဲ့။

